ထန်းတပင်မြို့နယ်၌ သွေးလွန်တုပ်ကွေး​ရောဂါ အသိပညာ​ပေး မြေစိုက်ပြဘုတ်များ စိုက်ထူ

ပဲခူး ဇွန် ၁၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် သွေးလွန်တုပ်ကွေး​ရောဂါ အသိပညာ​ပေး မြေစိုက်ပြဘုတ်ကို ယ​နေ့နံနက်ပိုင်းက လူသွားလူလာများရာ မြို့မဈေးရှေ့၌ စု​ပေါင်းစိုက်ထူခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှမြင့် မြို့နယ်ကျန်းမာ​ရေး ဦးစီးဌာန ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန့်ဇော်မောင် နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့၀င်များက ကြည့်ရှု လေ့လာခဲ့​ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး မြေစိုက်ပြဘုတ်အား သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ပေး ခေါင်းစဉ်ဖြင့် သွေးလွန်တုပ်​ကွေး​ရောဂါသည် နေ့အချိန်တွင် ကိုက်​လေ့ရှိ​သော ခြင်ကျားကိုက်ခံရခြင်းမှ ကူးစက်ကြောင်းနှင့် ခြင်ကျား လောက်လန်း မပေါက်ဖွားအောင် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများအား အများပြည်သူ သိရှိ​စေ​ရေးအတွက် အသိပညာ​ပေး စိုက်ထူပြသထားရှိခြင်း ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)