ကသာမြို့၌ မြို့နယ်စာရေးဆရာအသင်းမှ စာပေညီလာခံအတွေ့အကြုံများ ရှင်းလင်းပွဲ ကျင်းပ ပြုလုပ်

ကသာ ဇွန် ၁၁

မြန်မာနိုင်ငံစာရေးဆရာအသင်း(ဗဟို)မှ ၂၀၂၂ နှစ်၊ မေလတွင် ကျင်းပပြုလုပ်ခဲ့သည့် တတိယ အကြိမ်မြောက် စာပေညီလာခံအတွေ့အကြုံများကို ကသာမြို့နယ် စာရေးဆရာအသင်းဝင်များ သိရှိနိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်စာရေးဆရာအသင်းက စာပေညီလာခံအတွေ့အကြုံရှင်းလင်းပွဲကို ကျင်းပ ပြုလုပ်သည်။

အဆိုပါ ရှင်းလင်းပွဲကို ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး ရှေးဦးစွာ ကသာမြို့နယ်စာရေးဆရာ အသင်းနာယက ဦးချစ်မြိုင် (ကသာ-သင်းမွှေး)က အဖွင့်အမှာစကား ပြောကြားကာ အသင်းဥက္ကဋ္ဌ ဦးဘမောင် (ကိုဘ-ကသာ)က စာပေညီလာခံအတွေ့အကြုံများကို အသင်းဝင်များအား ပြန်လည်ရှင်းလင်းခဲ့သည်။

ထို့နောက် မြို့နယ်စာရေးဆရာအသင်း၏ အတွင်းရေးမှူး ဦးမောင်လေး (မောင်လေး-ကသာ)နှင့် အသင်း၏ဘဏ္ဍာရေးမှူး ဦးခင်မောင်ဦး (ဦးရဲ-ကသာ)တို့က အသင်း၏ ဘဏ္ဍာရေးဆိုင်ရာ အခြေအနေများနှင့် လိုအပ်သည်များကို ရှင်းလင်းတင်ပြကြပြီး အသင်းဝင်များက လိုအပ်သည်များကို အသီးသီး ဆွေးနွေးခဲ့ကြကြောင်း၊ အဆိုပါရှင်းလင်းပွဲတွင် ကသာမြို့နယ် စာရေးဆရာအသင်းက စာပေညီလာခံ အတွေ့အကြုံများအပြင် အသင်း၏ စည်းရုံးရေး၊ တိုးတက်ရေးနှင့် ဘဏ္ဍာရေးအခြေအနေများ၊ အသင်း၏ ရန်ပုံငွေတိုးတက်ရေး စသည်တို့ကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နေခ(ပြန်/ဆက်)