ရေဦး ဇွန် ၁၁
ကျောင်း၀င်းအတွင်း သန့်ရှင်းသာယာ လှပစေရေးနှင့် ကျောင်းသားများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ယနေ့ နံနက် ၇ နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ရေဦးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်သားများနှင့် ပညာရေးဌာနဆရာဆရာများ အင်အား ၇၀ ဦးခန့် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့သည်။
စုပေါင်းသန့်ရှင်းရေး ပြုလုပ်ရာမှ ထွက်ရှိလာသော ခြုံနွယ်သစ်ပင်နှင့် အမှိုက်များ၊ သစ်ကိုင်း ခြောက်များ ပလပ်စတစ် အမှိုက်များကို မြို့နယ် စည်ပင်သာယာရေးဌာနမှ စနစ်တကျ သိမ်းဆည်း စွန့်ပစ်ပေးခဲ့သည်။
စုပေါင်းသန့်ရှင်းရေး ပြုလုပ်ရာသို့ ရွှေဘို စကတ ဗိုလ်မှုးကြီး အောင်အောင်နှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ လိုက်ပါလျက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုကို ကြည့်ရှုအားပေးပြီး မြတ်လေးဆောင် (မူလတန်းကျောင်းဆောင်)၊ ကံ့ကော်ဆောင်၊ သရဖီဆောင် (အထက်တန်းကျောင်းဆောင်)များသို့ ကွင်းဆင်းကြည့်ရှုခဲ့ပြီး ကျောင်းအတွက် လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကောင်း သိရသည်။
သန်းထိုက် (ရေဦး)