နတ်မောက်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်း အခြေခံအဆင့် သင်တန်းဖွင့်လှစ်

နတ်မောက် ဇွန် ၁၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ ရှေးဦးပြုစုခြင်း အခြေခံအဆင့်(၁/၂၀၂၂) သင်တန်း ဖွင့်လှစ်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံး ခန်းမတွင် ကျင်းပခဲ့သည်။

ထိုသင်တန်းတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်း စည်းကမ်းချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းတွင် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမျိုးဆွေနှင့် သင်တန်းနည်းပြများက ကြက်ခြေနီအကြောင်း သိကောင်းစရာ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အကြောင်းအရာ၊ ရှေးဦးပြုစုခြင်း အကြောင်းအရာ စသည်တို့ကို သင်ကြား ပေးသွားမည် ဖြစ်သည်။

အဆိုပါသင်တန်းသို့ သင်တန်းသား/သူ (၃၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂)ရက် ကြာမြင့် ဖြစ်ကြောင်း သိရသည်။

လှဝင်း (နတ်မောက်)