ပြည်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေး ဗီနိုင်းပိုစတာများ စိုက်ထူ

ပြည် ဇွန် ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် ယနေ့နံနက်(၇)နာရီအချိန်က “သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး” ကျန်းမာရေး အသိပညာပေး ဗီနိုင်းပိုစတာများကို လူစည်ကားရာနေရာများ၌ စိုက်ထူဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါ “သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး” ကျန်းမာရေးအသိပညာပေး ဗီနိုင်းပိုစတာများကို ပြည်မြို့၏လူစည်ကားရာ‌ နေရာများ ဖြစ်သော ရွှေဆံတော်ဘုရား မြောက်စောင်းတန်လမ်း၊ ဆံတော်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့၊ ဗိုလ်ချုပ်လမ်း ရွာဘဲရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့နှင့် အမှတ်(၅)အခြေခံပညာအထက်တန်း ကျောင်းဘေးအဝေးပြေး ဂိတ်ဝင်းအနီး ဘုရင့်နောင်လမ်းမကြီးဘေးတို့တွင် စိုက်ထူ‌ဆောင်ရွက်ခဲ့ကြပြီး ယင်း ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦး၊ ဒု-မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းသိန်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကေခိုင်ဝင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ ညမိခင်နှင့်ကလေး စောင့်ရောက်ရေးအဖွဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ကြကြောင်း သိရသည်။

ကိုစိုး