နတ်တလင်းမြို့နယ်တွင် “သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အားလုံးပါဝင် ဆောင်ရွက်ပေး” ဗီနိုင်းပိုစတာစိုက်ထူ

နတ်တလင်း ဇွန် ၁၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၌ တိုင်းဒေကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အတူ “သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး” ဗီနိုင်းပိုစတာ စိုက်ထူခြင်းကို နတ်တလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ်ပြည်သူ့ ဆေးရုံရှေ့၌ ယနေ့နံနက် ၉ နာရီက စိုက်ထူခဲ့ကြသည်။

အဆိုပါဗီနိုင်းပိုစတာစိုက်ထူ​ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦး ကျော်ကျော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးအေးသန့်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ “သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အားလုံးပါဝင် ဆောင်ရွက်ပေး” ဗီနိုင်းပိုစတာကို မြို့နယ်ပြည်သူ့ဆေးရုံရှေ့၌ စိုက်ထူခဲ့ကြသည်။

နတ်တလင်းမြို့နယ်အနေဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဧပြီလ နောက်ဆုံးပတ်မှစပြီး ရပ်ကွက်ကျေးရွာအုပ်စုများအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန် လဲ၊ စစ်လုပ်ငန်းဆောင်ရွက်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးအသင်း၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အပတ်စဉ်သောကြာနေ့တိုင်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ဆရာဝန်ကြီး ဒေါက်တာအေးအေးသန့်ထံမှ သိရသည်။

ဝေယံဖြိုး