သဲကုန်းမြို့နယ်တွင် “သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အားလုံးပါဝင် ဆောင်ရွက်ပေး” အသိပညာပေး Bill Board များစိုက်ထူဆောင်ရွက်

သဲကုန်း ဇွန် ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အတူ “သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အားလုံးပါဝင် ဆောင်ရွက်ပေး” Bill Board စိုက်ထူခြင်းကို "ယနေ့နံနက် (၈:၃၀) နာရီတွင်  သဲကုန်းမြို့နယ်ဆေးရုံလမ်းဒေါင့်နှင့် ဆင်မြီးဆွဲဈေးရှေ့တို့၌ စိုက်ထူဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ Bill Board စိုက်ထူပွဲခြင်းကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့် အဖွဲ့ဝင်များ၊   မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးမင်းထွေးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးအသင်း၊ အမျိုးသမီးရေးရာ အဖွဲ့များက “သွေးလွန်တုပ် ကွေးရောဂါ ကာကွယ်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး” Bill Board ကို မြို့နယ်ပြည်သူ့ဆေးရုံလမ်းဒေါင့်၌ လည်းကောင်း၊ ဆင်မြီးဆွဲ မြို့အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးကျော်နှင့် တာဝန်ရှိသူများက ဆင်မြီးဆွဲမြို့ဈေးအရှေ့၌ စိုက်ထူခဲ့ကြပြီး စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

သဲကုန်းမြို့နယ် ကျန်းမာရေးဝန်ထမ်းများက ရပ်ကွက်/ ကျေးရွာ အုပ်စုများအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ သောက်ရေသုံးရေကန်များအတွင်း အဘိတ်ဆေး ခတ်ခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းနှင့် ကျန်းမာရေး အသိပညာပေးပြောကြးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများကို အပတ်စဉ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဝင့်နန္ဒာဌေး