အုတ်ဖို ဇွန် ၁၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ကျန်းမာရေးဦးစီးဌာနက သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အားလုံးပါဝင်ဆောင်ရွက်ပေး ဆိုင်ဘုတ် စိုက်ထူခြင်းကို ယနေ့နံနက် ၉ နာရီခွဲချိန်က မြို့နယ်ပြည်သူ့ဆေးရုံရှေ့နှင့် မြို့မ(၂) လမ်းထိပ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆိုင်းဘုတ်စိုက်ထူခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းဇော်၊ မြို့နယ်ဆရာဝန်ကြီးဒေါက်တာစိုးသက်ဝင်းနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ NGO အဖွဲများက ပူးပေါင်းစိုက်ထူခဲ့သည်။
မြို့နယ်အတွင်း ကလေးငယ်များ သွေးလွန်တုပ်ကွေး ရောဂါမဖြစ်ပွားစေရန်အတွက် ကျန်းမာရေးဝန်ထမ်းများက ရပ်ကွက်/ကျေးရွာများအတွင်း နေအိမ်များ၌ သွေးလွန်တုပ် ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း၊ သောက်ရေသုံးရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အသိပညာပေးပြောကြားခြင်းတို့ကို အပတ်စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်သူ