ပေါက်ခေါင်းမြို့၌ “သွေးလွန်တုတ်ကွေးရောဂါကာကွယ်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး” မြေစိုက်ဘုတ်စိုက်ထူ

ပေါက်ခေါင်း ဇွန် ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့၌ “သွေးလွန်တုတ်ကွေးရောဂါကာကွယ်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး” မြေစိုက်ဘုတ်စိုက်ထူခြင်းနှင့် အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းများကို ယနေ့နံနက်  ၈ နာရီခွဲအချိန်ခန့်က ပေါက်ခေါင်းမြို့ အဝင်နေရာ၊ မြို့မဈေးရှေ့နှင့်ပြည်သူ့ဆေးရုံရှေ့တို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီးဒေါက်တာ အောင်မျိုးမြတ်နှင့်ကျန်းမာ ရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များက ပူးပေါင်းပါဝင်ဆောင်ရွက်ကြပြီး၊ ခရီးသွားလာ ပြည်သူများအား အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများက “သွေးလွန်တုတ်ကွေးရောဂါ တိုက်ဖျက်ရေး အားလုံးပါဝင် ဆောင်ရွက်ပေး” ခြင်ကျား လောက်လန်းကင်းစင်ဖို့ တို့ကျောင်းသားတွေပါဝင်စို့  အကြောင်းအရာပါ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်