ဒိုက်ဦး ဇွန် ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊လဲ၊ စစ်၊ အိုးအတွင်းပိုင်း တိုက်ချွတ်စသည့် အသိပညာပေးအချက်များ ပါဝင်သည့် “သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး” ဆိုင်းဘုတ်ပိုစတာအား ယနေ့နံနက် ၈:၃၀ အချိန်တွင် စိုက်ထူခဲ့သည်။
အဆိုပါဆိုင်းဘုတ်စိုက်ထူရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်ဝင်းအောင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဌာနဆိုင်ရာများက အလျား(၁၂)ပေ၊ အနံ(၁၀)ပေရှိ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေး ဆိုင်းဘုတ်အား မြို့နယ်စည်ပင်သာယာ မြို့မဈေးကြီးရှေ့တွင် စိုက်ထူထားရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)