ဆင်ပေါင်ဝဲမြို့နယ်၌ မိုးရာသီသီးနှံစိုက်ပျိုးဖြစ်ထွန်းနေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု

ဆင်ပေါင်ဝဲ ဇွန် ၁၁

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင်  သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသခံတောင်သူများက မိုးဦး မိုးရွာသွန်းသဖြင့် မိုးရာသီသီးနှံများကို ကြိုးပမ်းစိုက်ပျိုးလုပ်ကိုင်နေကြပြီဖြစ်ကြောင်း သိရ သည်။  

ထိုသို့စိုက်ပျိုးနေမှု အခြေအနေများအား ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးအေးနိုင်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနဦးစီးမှူး ဦးတင်လှနှင့် တာဝန်ရှိသူများမှ မြေပြင်စိုက်ပျိုး ဖြစ်ထွန်းနေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

 ဆင်ပေါင်ဝဲမြို့နယ်ရှိ ဒေသခံတောင်သူများ အ​နေဖြင့် နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံစသည့် သီးနှံများကို အဓိကအားထား စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။

နိုင်လင်း