မိုးညိုမြို့နယ်တွင် “သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အားလုံးပါဝင် ဆောင်ရွက်ပေး” ဆိုင်းဘုတ်ပိုစတာများစိုက်ထူ

မိုးညို ဇွန် ၁၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်၊ အိုးအတွင်းပိုင်း တိုက်ချွတ်စသည့် အသိပညာပေး အချက်များပါဝင်သည့် “သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး” ဆိုင်းဘုတ်ပိုစတာများအား ယနေ့နံနက် ၈ နာရီခွဲက စိုက်ထူခဲ့ကြောင်း သိရသည်။

အဆိုပါဆိုင်းဘုတ်စိုက်ထူရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုးနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဌာနဆိုင်ရာများက အလျား(၁၂)ပေ၊ အနံ(၁၀)ပေရှိ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေး ဆိုင်းဘုတ်များအား မြို့နယ်ပြည်သူ့ဆေးရုံရှေ့၊ စည်ပင်သာယာဈေးရှေ့လမ်းဆုံနှင့် မြို့နယ်မီးသတ်ဦးစီးဌာနရုံး ရှေ့လမ်းဆုံတို့တွင် စိုက်ထူထားရှိကြောင်း သိရသည်။

ကိုမင်း