ကျွန်းလှ ဇွန် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီ အရောင်းဆိုင်များအား ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက စက်သုံးဆီအရောင်းဆိုင်များအား တရားဝင်ဖွင့်လှစ်ခွင့် လိုင်စင်ရှိမရှိ၊ သိုလှောင်ခွင့်လိုင်စင်၊ တရားမဝင် စက်သုံးဆီများ သိုလှောင်ထားခြင်းရှိမရှိနှင့် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုတိုါကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ