မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား၊ သမီးများအား ပညာသင်စရိတ်များ ထောက်ပံ့ပေးအပ်

မင်းလှ ဇွန် ၁၀

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ကြားနေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းသား၊ သမီးများအား ပညာသင်စရိတ်များ ထောက်ပံ့ပေးအပ်ခြင်းကို ဇွန် ၁၀ ရက် မွန်းတည့် ၁၂ နာရီချိန်က ပြုလုပ်ခဲ့သည်။ ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်က ပညာသင်စရိတ်များ ထောက်ပံ့ပေးရခြင်းအကြော်း ပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ဇနီး၊ တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်အဆင့်မှ မူလတန်းကြိုအဆင့်အထိ ပညာသင်ကြားနေသော ဝန်ထမ်းသား/သမီး၊ ကျောင်းသား/ကျောင်းသူ(၄၆)ဦးကို ပညာသင်စရိတ် ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး၊  (KG)တန်းကလေးငယ်များကို ဗလာစာအုပ်နှင့်ခဲတံများ ပေးအပ်ခဲ့ကြောင်းသိရသည်။

သန့်ဇင်စိုး (ပြန်/ဆက်)