ဖြူး ဇွန် ၁၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက် (၁၀)နာရီအချိန်က စတင်ကာ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အပါအဝင် စုရပ်(၁၀)ခုတွင် ဆက်လက်ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
ဖြူးမြို့နယ်ရှိ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျောင်းစတင်ဖွင့်လှစ်သည့် ဇွန်လ(၂)ရက်နေ့မှ ယနေ့ထိ ဆက်လက်ထိုးနှံပေးလျှက်ရှိရာ အခြေခံပညာကျောင်းပေါင်း (၂၃၀)တွင် စုစုပေါင်း (၂၂၆၈၅)ဦး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ဆေး (Sinopharm)ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
နေမျိုးလွင်(ပြန်ဆက်)