ကျောက်ကြီး ဇွန် ၁၀
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ပဲခူးရပ်ကွက်၌ ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်း ကလေးငယ်များ သွေးလွန်တုပ်ကွေး ရောဂါမဖြစ်ပွားစေရန်အတွက် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းအနေဖြင့် အဘိတ်ဆေးခတ် ဆောင်ရွက်ခဲ့သည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မိုးဦးရာသီအကြိုကာလ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ပိုးလောက်လန်းများနှင့် ခြင်များအလွယ်တကူ ပေါက်ပွားနိုင်သည့် ရေစပ်ရေအိုင်များ၊ ရေတွင်းရေကန်များ၊ ကြာရှည်သိုလှောင်ထိန်းသိမ်းထားနိုင်သည့် ရေပုံးများသွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ သောက်ရေသုံးရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်းနှင့် ကျန်းမာရေးအသိပညာပေး ပြောကြားခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါလုပ်ငန်းဆောင်ရွက်မှုအား မြို့နယ် မိခင်နှင့်ကလေးအသင်းဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စာရေးနှင့် သက်ဆိုင်ရာ ရာအိမ်မှူးများ လိုက်ပါကူညီဆောင်ရွက်ပေးကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)