မြောင်းမြမြို့နယ်တွင် အ.ထ.က(၂)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

မြောင်းမြ       ဇွန်       ၁၀

နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတကာနှင့်အညီ ပညာရေး ကဏ္ဍကို အထူးအလေးပေး ဖော်ဆောင်လျက်ရှိရာတွင် ကျောင်းသား/ကျောင်းသူ လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဘက်စုံထူးချွန်စေရန် ရည်ရွယ်၍ ပညာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး မြောင်းမြမြို့၊ ရေတွင်းရေကန်ကျေးရွာရှိ အ.ထ.က(၂)ကျောင်းတွင် ယနေ့နံနက် (၁၀)နာရီအချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

လူငယ်ရေးရာဟောပြောပွဲတွင် အ.ထ.က(၂)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းမြင့်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက   လူငယ်များအကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အား/ကာမှူး ဦးစိုင်းဝေလင်းနောင်က  လူငယ်နှင့် အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။ ထို့နောက် မြို့နယ် အား/ကာမှူး ဦးစိုင်းဝေလင်းနောင်က အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ အ.ထ.က(၂)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းမြင့်က လက်ခံခဲ့သည်။ အဆိုပါ ဟောပြောပွဲသို့  အ.ထ.က(၂) ကျောင်းမှ ကျောင်းသား/ကျောင်းသူလူငယ်များ (၅၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြောင်းမြခရိုင်(ပြန်/ဆက်)