ဝေါမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များ ပုံမှန်ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှု စစ်ဆေး

ဝေါ ဇွန် ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချနေသည့် စက်သုံးဆီ အရောင်းဆိုင်များ၊ စက်သုံးဆီ ပြတ်လပ်မှုမဖြစ်စေရေး၊ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေးနှင့် မီးဘေး အန္တရာယ်ကင်းဝေးစေရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီက ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်သန်းနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရ သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာ၌ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ဝေါမြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စက်သုံးဆီအရောင်းဆိုင်များအား သွားရောက်ပြီး လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဒေသခံပြည်သူများ စက်သုံးဆီအဆင်ပြေစွာဝယ်ယူနိုင်ရေးအတွက် စက်သုံးဆီပြတ် လပ်မှုမရှိစေရေးနှင့်ပုံမှန် ဖွင့်လှစ်ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ စက်သုံးဆီများ သတ်မှတ်ဈေးနှုန်းထက် မြှင့်တင်ရောင်းချခြင်းမပြုပဲ၊ အချင်အတွယ်မှန်ကန်စွာ ရောင်းချရေး၊ မီးဘေးလုံခြုံရေး အထူးသတိပြုလိုက်နာဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့သည် စက်သုံးဆီဆိုင်များအလိုက် ဆီပြတ်လပ်မှု မဖြစ်ပေါ်စေရေး၊ ဆီသိုလှောင်ထားရှိမှုအခြေအနေ၊ မီးဘေးလုံခြုံစိတ်ချရမှုရှိ/မရှိ၊ မီးဘေးကြို တင် ကာကွယ်ရေးပစ္စည်းများ စနစ်တကျ စီစဉ်ဆောင်ရွက်ထားမှု ရှိ/မရှိတို့ကို လိုက်လံကြည့်ရှု စစ်ဆေးပြီး ဒေသတွင်းပြည်သူများစက်သုံးဆီ အဆင်ပြေစွာဝယ်ယူသုံးစွဲနိုင်ရေးအတွက် စက်သုံး ဆီအရောင်းဆိုင်များ ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချနိုင်ရေး အလေးထားဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

စိုးမိုး