ကျွန်းစုမြို့တွင် စက်သုံးဆီများ ရောင်းချမှုမရှိဘဲ သိုလှောင်ထားသည့် ဆိုင်များအားစစ်ဆေး

ကျွန်းစု ဇွန် ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်တရားမဝင်စက်သုံးဆီ အရောင်းဆိုင်များ တားဆီးစစ်ဆေးရေး အဖွဲ့က ယမန်နေ့မွန်းလွဲ (၁) နာရီခွဲအချိန်က မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များအား စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ဆေးရာတွင် မြို့နယ်တရားမဝင် စက်သုံးဆီအရောင်းဆိုင်များ တားဆီးစစ်ဆေးရေးအဖွဲ့ အဖွဲ့ခေါင်းဆောင်ကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရန်နိုင်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးမင်းဝေယံဦး၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင် များက ဓာတ်ဆီ၊ ဒီဇယ်များအား ရောင်းချခြင်းမရှိဘဲ သိုလောင်ထားသည့်ဆိုင်များအား စစ်‌ဆေးမှုပြုလုပ်ခဲ့သည်။

စစ်ဆေးရာတွင် အရောင်းဆိုင်များအား စက်သုံးဆီသိုလှောင်ထားရှိမှု အခြေအနေ၊ စက်သုံးဆီဈေးနှုန်းနှင့် တစ်နေ့တာ ရောင်းချမှု အခြေအနေများအား တွေ့ဆုံမေးမြန်းခဲ့ပြီး စက်သုံးဆီများအား ရောင်းချခြင်းမရှိဘဲ ဈေးနှုန်းမြှင့်မားလာမှ ရောင်းချမည်ဟုရည်ရွယ်ပြီး သိုလှောင်ထားရှိပါက အရေးယူမှုများ ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)