သနပ်ပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ညီညွှတ်မျှတ ဒစ်ဂျစ်တယ်ငွေကြေး ကဏ္ဍအကြောင်း အသိပညာပေး (Talk Show) ကျင်းပ

သနပ်ပင် ဇွန် ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် စားသုံးသူရေးရာဦးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးဌာန တို့ပူးပေါင်း၍  ညီညွှတ်မျှတ ဒစ်ဂျစ်တယ်ငွေကြေးကဏ္ဍအကြောင်း အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခြင်းကို  ယနေ့ နံနက်ပိုင်းက မြို့နယ် လူထုအခြေပြုဗဟိုဌာန  Community Center  ခန်းမ၌ ကျင်းပပြူလုပ်ခဲ့သည်။

အဆိုပါ (Talk Show) ဆွေးနွေးပွဲတွင် သနပ်ပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနတာဝန်ခံ  ဦးသိန်းဆွေမှ  ဒစ်ဂျစ်တယ်ငွေကြေး ကဏ္ဍဆောင်ပုဒ် နှင့်အညီ ငွေကြေးဝန်ဆောင်မှု ခံယူနေသည့် စားသုံးသူများရယူ ဆောင်ရွက်နိုင်ရန်အတွက် ငွေကြေးဝန်ဆောင်မှု ခံယူထားသူများ မိမိတို့၏    ဘဏ်အကောင့်အချက်အလက်များ၊ ဘဏ်ကဒ်နံပါတ်များ နံပါတ်များ၊ ငွေလွှဲဝန်ဆောင်မှု   လုပ်ငန်းစဉ် လျှို့ဝှက်နံပါတ်များအား မည်သည့်တစ်ဦးတစ်ယောက်ကို မျှဝေပြောဆိုခြင်း မပြုလုပ်ရန် ဆွေးနွေးခြင်း၊ ငွေကြေးဝန်ဆောင်မှု ပြုလုပ်စဉ် လွယ်ကူသော လျှို့ဝှက်နံပါတ်များ အသုံးမပြုရန်၊ စားသုံးသူများ၏ လိုက်နာရမည့် တာဝန်(၄)ရပ်အား ရှင်းလင်းပြောကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။

လှမိုး(ပြန်/ဆက်)