လက်ပံတန်းမြို့နယ်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ နေဗီယာမြက်မျိုးများ စိုက်ပျိုးဖြန့်ဖြူးပေး

လက်ပံတန်း ဇွန် ၁၀

ပဲခူးတိုင်း​ဒေသကြီး၊  သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျွဲ ၊ နွား တိရစ္ဆာန်မွေးမြူသူများအတွက်  ကျွန်းကလေးကျေးရွာ စာကျက်မြေတွင်  နေဗီယာမြက်မျိုး တစ်ဧကစိုက်ပျိုး ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ နေဗီယာ မြက်မျိုးသည် အသားဓာတ် ၂၂ ရာခိုင်နှုန်းပါဝင်၍ ကြီးထွားနှုန်းကောင်းမွန်ပြီး တိရစ္ဆာန်အစာအတွက် ကုန်ကျစရိတ် သက်သာစေရန်နှင့် မြို့နယ်အတွင်း ကျွဲ၊ နွား မွေးမြူသူများအတွက် လွှတ်ကျောင်းစနစ်မှ ခြံလှောင်စနစ်ဖြင့် မွေးမြူနိုင်ရေးအတွက် စိုက်ပျိုးဖြန့်ဖြူးပေးလျက်ရှိရာ လက်ပံတန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနသို့ ဆက်သွယ်မှာယူနိုင်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါက်တာ စိုးမိုးဝင်းက ပြောကြားသည်။

မြို့နယ်(ပြန်/ဆက်)