ဒေးဒရဲ ဇွန် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ၏ စီမံကိန်း သီးနှံများ လျာထားဧက ပြည့်မီကျော်လွန်စွာဖြင့် အထွက်နှုန်းကောင်းမွန်စွာ စိုက်ပျိုးထုတ်လုပ် နိုင်စေရန် ရည်ရွယ်၍ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျွဲသလင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ သည်။
အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့ဝင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်စွာမြင့်က လျာထားဧကများ ပြည့်မီရေး၊ သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုများ မရှိစေ ရေးနှင့် သီးနှံအထွက်နှုန်း တိုးတက်မြင့်မားစေရေး နယ်မြေတာ၀န်ခံ စိုက်ပျိုးရေးဝန်ထမ်း များထံမှ နည်းပညာများ၊ အကြံဉာဏ်များ ရယူဆောင်ရွက်သွားရန်နှင့် အခက်အခဲများ ရှိပါက ဆွေးနွေးပေးပါရန် အသိပညာပေးပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ကျေးလက်လမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးနန္ဒာစိုးက စီမံကိန်း လျာထားသီးနှံများ စိုက်ဧကပြည့်မီရေးနှင့် စိုက်ပျိုးပြီးစီးသည့် သီးနှံဧက စာရင်းများ မှန်ကန်ရေး အသိပညာပေး ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသည့် ဒေသခံတောင်သူများက သိရှိလိုသည် များကို မေးမြန်းခဲ့ရာ မြိုနယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက တာဝန်ရှိသူ များက ပြန်လည်ဖြေကြားပေးခဲ့သည်။
ဒေးဒရဲမြို့နယ်အတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး မြို့နယ်အဆင့် ဌာနဆိုင်ရာ များပါဝင်သော စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့ (၁၂)ဖွဲ့ ဖွဲ့စည်း၍ တာဝန် ကျသည့် ကျေးရွာများအရောက် ကွင်းဆင်းသွားရောက်၍ တောင်သူများ၏ လိုအပ်သော နည်းပညာများနှင့် အခက်အခဲများအား သိရှိနိုင်ရေး အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ ဖြန့်ဝေပေးခြင်း လုပ်ငန်များအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေဒေးသူ