သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတတ်မြင့်မားရေးကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်

သာပေါင်း ဇွန် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတတ်မြင့်မားရေးကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတတ်မြင့်မားရေးကော်မတီ အစည်းအဝေးပြုလုပ်၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ ၂၀၂၂-၂၀၂၃ မိုးစပါး၊ နွေစပါး၊ ပဲမျိုးစုံ လျာထားချက် ပြည့်မီအောင် စိုက်ပျိုးရေး၊ ဆောင်းသီးနှံ နေကြာ လျာထားဧက(၄၅၂၆)စိုက်ပျိုးနိုင်ရေးအတွက် တောင်သူတစ်ဦးချင်းအလိုက် တာဝန်ပေးအပ် ဆောင်ရွက်ရေး၊ ရပ်ကျေးစိုက်တိုးမြင့်ကော်မတီ ဖွဲ့စည်းရာတွင် ပီပြင်စွာ ဆောင်ရွက်နိုင်အောင် တာဝန်ပေးအပ်ရေး၊ စိုက်ပျိုးဧကစာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် စိုက်ပျိုးရေး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဌာန တာဝန်ရှိသူများက ကြပ်မတ်စီစစ် ဆောင်ရွက်ရေး၊ မြို့နယ်စိုက်တိုးမြင့် ကော်မတီဝင်များ ကျေးရွာအုပ်စုများသို့ ကွင်းဆင်း၍ တောင်သူများနှင့် တွေ့ဆုံပြီး လိုအပ်ချက်များကိုပေါင်းစပ်ဆောင်ရွက်ပေးရေးတို့ကို အသေးစိတ်ဆွေးနွေး ပြောကြားခဲ့ပြီး စိုက်တိုးမြင့်ကော်မတီဝင်များမှ ပြန်လည်ဆွေးနွေး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်