ရေဖြူ ဇွန် ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်တွင် ကျေးရွာအချို့၌ တစ်ပိုင်တနိုင်ဝက်မွေးမြူရေး လုပ်ကိုင်ခြင်းဖြင့် မိသားစုအလုပ်အကိုင်အခွင့်အလမ်းရပြီး ဝင်ငွေရရှိကြောင်း သိရသည်။
ရေဖြူမြို့နယ်ရှိ မင်းဒပ်၊ သစ်တိုထောင့်၊ ဧကနိ၊ ဒူးတောင်၊ ရငဲကျေးရွာ၌များ မြေနေရာခြံဝင်းကျယ်များတွင် ဝက်ခြံများတည် ဆောက်ကာ မျိုးသန့်ဝက်များမွေးမြူကြသည်။
"အရင်က ရိုးရိုးဝက်ကို အိမ်က စားကြွင်းစားကျန်နဲ့ တစ်ကောင်စ နှစ်ကောင်စပဲမွေးတော့ စီးပွားမဖြစ်ဘူး။ အခုက မျိုးသန့်ဝက်တွေကို မွေးလာကြတယ်၊ ဝက်စာရောင်းတဲ့ဆိုင်လည်း ရှိတယ်ဆိုတော့ ဝက်မွေးမြူရေးကို မိသားစုစီးပွားရေးလုပ်ငန်းအဖြစ် လုပ် ကိုင်ကြောင်း" ဝက်မွေးမြူသူ (ခ)ရပ်ကွက်က ကိုဇေကပြောသည်။
ဝက်မွေးမြူသူများမှာ လေးကောင်ငါးကောင်ကနေ အကောင်သုံးဆယ်လေးဆယ်အထိ မွေးမြူကြပြီး ရက်လေးဆယ် နို့ခွဲဝက်တစ်ကောင်ကို ကိုးသောင်းကျပ်ပေးဝယ်ရကြောင်း သိရသည်။
ဝက်ကလေးတစ်ကောင်ကို (၉၀၀၀၀)ကျပ်နဲ့ဝယ်ပြီး အစာကျွေးမွေးတာ သုံးလအကြာမှာ အရွယ်ရောက် ဝက်တစ်ကောင်(လေးလသား)ကို (၂၇၀၀၀၀)ကျပ်နှင့် ပြန်ရောင်းရကြောင်း၊ ဝက်တစ်ကောင်အစာဖိုးတစ်သိန်း လောက်ကုန်ကျတာကြောင့် (၈၀၀၀၀) ကျပ်လောက်အမြတ်ရ ကြောင်း ၊ တစ်ခါရောင်း အကောင်သုံးဆယ်ဆိုတော့ သုံးလမှာ သိန်းနှစ်ဆယ်ဝန်းကျင်ခန့် အမြတ်ကျန်ကြောင်း ကိုဇေက ပြောပြသဖြင့် သိရသည်။
ရေဖြူမြို့နယ်တွင် ဝက်မွေးမြူရေး လုပ်ကိုင်သူများလာပြီး ထားဝယ်မြို့က ကားဖြင့်လာရောက် ဝယ်ယူကြတာကြောင့် ဝက်မွေး မြူရေးလုပ်ငန်းကနေ မိသားစုဝင်ငွေရရှိပြီး စီးပွာရေးအဆင်ပြေကြကြောင်း သိရသည်။
ရေဖြူ (ပြန်/ဆက်)