ကလိန်အောင်မြို့တွင် စက်သုံးဆီရောင်းချခြင်းမရှိဘဲ သိုလှောင်ထားမှု ရှိ/မရှိ စစ်ဆေးခြင်း

ကလိန်အောင် ဇွန် ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့အတွင်းရှိရောင်းချနေသည့် စက်သုံးဆီဆိုင်များရောင်းချခြင်းမရှိဘဲ သိုလှောင်ထားမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက တာဝန်ရှိသူများက လိုက်လံ၍စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါစစ်ဆေးဆောင်ရွက်ရာတွင် ကလိန်အောင်နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်နေမင်းအောင်နှင့်တပ်ဖွဲ့ဝင်များ၊ ကလိန်အောင်မြို့အုပ်ချုပ်ရေးမှူးဦးအောင်နိုင်၊ ကလိန်အောင်မြို့သတင်းရဲတပ်ဖွဲ့မှ တာဝန်ခံတပ်ကြပ်တေဇာအောင်ကိုး၊ မီးသတ်ဒုဦးစီးမှူးကျော်မျိုးထွန်းနှင့် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် ကလိန်အောင်မြို့နှင့် ကျေးရွာများမှ စက်သုံးဆီရောင်းချလျက်ရှိသော ဆီဆိုင်များတွင် စက်သုံးဆီသိုလှောင်ကန်များ၌ စက်သုံးဆီရောင်းချခြင်းမရှိဘဲ သိုလှောင်ထားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကလိန်အောင်မြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများတွင် ရောင်းချရန်သိုလှောင်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

ကလိန်အောင်မြို့အတွင်းရှိ စက်သုံးဆီရောင်းချနေသောဆီဆိုင်များနှင့် လောင်စာဆီများသို လှောင်ထားသည့်နေရာတို့အား လိုက်လံစစ်ဆေးခဲ့ပြီး လိုအပ်သည်များနှင့် ဆီရောင်းချရာတွင် လိုက်နာရမည့်စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။

ခင်ခင်လဲ့(ပြန်/ဆက်)