မြို့သစ် ဇွန် ၁၀
မကွေးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ဦးတင့်လွင်နှင့်ဝန်ကြီးများအဖွဲ့သည် မြို့သစ်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမသို့ ယနေ့နေ့လည်(၁၂)နာရီက ရောက်ရှိကာ မြို့သစ်မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ဦးတင့်လွင်မှ စားနပ်ရိက္ခာဖူလုံရေးသာမက လယ်ယာထုတ်ကုန်များဖြင့် လူနေမှုအဆင့်အတန်းမြင့်မားရေးအတွက် လယ်ယာစိုက်ပျိုးမြေများ လျော့ပါးမှုမရှိစေရေး မူဝါဒများ တိတိကျကျချမှတ်ဆောင်ရွက်ရန်လိုကြောင်း၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် စီမံခန့်ခွဲမှုကိစ္စရပ်များ ဆောင်ရွက်ရာတွင် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရန်မှာကြားခဲ့သည်။
ထို့နောက် ဌာနဆိုင်ရာအကြီးအကဲများက လုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ ပြန်လည်တင်ပြရာ မကွေးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်မှလိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဌာနဆိုင်ရာ အကြီးအကဲ (၁၅) ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
သန်းဝင်းထွန်း ( ပြန်ဆက်)