ရှမ်းရွာသစ် ဇွန် ၁ဝ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများကို ကျင်းပပေးခြင်းဖြင့် ကျောင်းသားကျောင်းသူများ ကျောင်းစာတွင်သာမက အဖက်ဖက်တွင် ထူးချွန်သောကလေးများဖြစ်လာစေရန် ရည်ရွယ်၍ ကျင်းပပေးခြင်းဖြစ်ကြောင်း မြို့ဦးစီးမှူးမှ ရှင်းလင်းပြောကြားပြီးနောက် မူလတန်းအဆင့်ကျောင်းသား/သူ(၂၀)ဦးတို့က ကဗျာရွတ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲတို့ကို စိတ်ဝင်စားစွာယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို ဆုချီးမြှင့်၍ ပြိုင်ပွဲဝင်သူများအားလုံးကို လက်ဆောင်များပေးပြီး အာဟာ ရဖြစ်စေရန် မုန့်များကျွေးမွေးခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)