မေတ္တာမြို့အတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့် မြို့ပေါ်ရပ်ကွက်ရှိ လူနေအိမ်များသို့ အိမ်တိုင်ရာရောက် (Mobile) စနစ်ဖြင့် စာအုပ်မျာငှားရမ်းပေး

မေတ္တာ ဇွန် ၁၀

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ရုံးအနေဖြင့် မြို့အတွင်းရှိ ဌာနဆိုင်ရာရုံးများ/ မီးသတ်ဦးစီးဌာနနှင့် မြို့ပေါ် ရပ်ကွက်ရှိ လူနေအိမ်များသို့ အိမ်တိုင်ရာရောက် (Mobile) စနစ်ဖြင့် သုတ/သရ စာအုပ်များ ကို ယနေ့နံနက် (၁၁) နာရီက အခမဲ့သွားရောက်ငှားရမ်းပေးခဲ့သည်။

မေတ္တာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားစေရန် အချိန်ကိုအကျိုးရှိရှိ အသုံးပြုတတ်စေရန်၊ ငှားရမ်း​ပေးသည့်စာအုပ်များ ဖတ်ရှုရ၍ စာကြည့်တိုက်နှင့် ရင်းနှီးမှု ရရှိလာစေရန်ရည်ရွယ်၍ သုတ/ရသစာအုပ်များအား အခမဲ့သွားရောက်ငှားရမ်းခဲ့ကြောင်း တင်းရရှိသည်။

အေးအေးချို (မေတ္တာ-ပြန်/ဆက်)