ဒေးဒရဲမြို့၌ အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများ လက်ဝယ်အရောက် လူမှုရေးပင်စင်များ လိုက်လံထောက်ပံ့

ဒေးဒရဲ ဇွန် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်အတွက် လူမှုရေးပင်စင် အကျိုး ခံစားခွင့် ထောက်ပံ့ငွေများအား ယနေ့ နံနက်ပိုင်းကစတင်၍ ဘိုးဘွားများ လက်ဝယ်အရောက် လိုက်လံထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခြင်းကို ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် တာဝန်ရှိသူများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများက မြို့ပေါ်(၃) ရပ်ကွက်အတွင်းရှိ ဘိုးဘွား (၉၀)ဦး၏ လက်ဝယ်အရောက် ထောက်ပံ့ငွေများ ထောက်ပံ့ပေး လျက်ရှိပြီး  ကျေးရွာများရှိ ဘိုးဘွား (၆၆၂)ဦးအား သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက ထောက်ပံ့ပေးလျက်ရှိရာ ဒေးဒရဲမြို့နယ်အတွင်း အသက်(၈၅)နှစ်နှင့် အထက်ရှိသူ (၇၅၂)ဦးအား ၂၀၂၂ ခုနှစ် ဧပြီ၊ မေ၊ ဇွန် လများအတွက် တစ်ဦးလျှင်(၃၀၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေ (၂၂၅၆၀၀၀၀) ကျပ်အား ထောက်ပံပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း