ဒေးဒရဲ ဇွန် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနက ကျေးလက် ဒေသနေပြည်သူများနှင့် အမျိုးသမီးများဘဝ ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာပေးသင်တန်းကို ယမန်နေ့ နံနက်(၉)နာရီခွဲက ကျုံဘုတ်ကျေးရွာရှိ ရေစွယ်ကျောင်းတိုက်ဓမ္မာရုံတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးမော်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအေးကျော်က ကျန်းမာရေးအရ တန်းတူညီမျှမှု၊ အမျိုးသမီးများအား နည်းမျိုးစုံမှ အကြမ်း ဖက်မှုပပျောက်ရေးဆိုင်ရာများကို အသိပညာပေးဆွေးနွေးခဲ့ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီး ဌာနမှူး ဒေါ်နီနီမြင့်က အမျိုးသမီးများဆိုင်ရာ ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်းအချက်အလက်များအား အသိပညာပေး ပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ကျုံဘုတ်ကျေးရွာအုပ်စုရှိ ကျေးရွာများမှ ကျေးရွာသူ၊ ကျေးရွာသား စုစုပေါင်း (၆၃)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အေဇာလင်း