ကဝ ဇွန် ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေပြီး၊ ငါးရိက္ခာဖူလုံစေရန်အတွက် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ခမဲပြင်သဘာဝရေပြင်တွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးအုန်းသွင်၊ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ငါးမျိုး စိုက်ထည့်ကြီးကြပ်ကော်မတီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရေလုပ်သားကြီးများက ခမဲပြင်သဘာဝရေပြင်အတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ငါးမျိုးစိုက်ထည့်ခြင်းကို ပဲခူးတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၊ ပဲခူးခရိုင် ငါးလုပ်ငန်းဦးစီးဌာနတို့၏ကြီးကြပ်မှုဖြင့် ငါးသယံဇာတမပြုန်းတီးစေရေး၊ ငါးရိက္ခာဖူလုံစေရေး၊ ငါးစားသုံးမှု မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ ကဝမြို့နယ် ခမဲပြင် သဘာဝရေပြင် အတွင်းသို့ ငါးခုံးမကြီး (၈၀၀၀၀)၊ ရွှေဝါငါးချင်း (၈၀၀၀၀)၊ စုစုပေါင်း ကောင်ရေ(၁၆၀၀၀၀)အား ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)