ပုသိမ် ဇွန် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အမှတ်(၄) ရပ်ကွက်ရှိ ဧရာရွှေဝါခန်းမတွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့မှ ဆင့်ပွားသင်တန်းအမှတ်စဉ် (၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနား ကျင်းပရာ အခမ်း အနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ အဖွင့်အမှာစကား ပြောကြားရာတွင် “မိမိတို့တိုင်းဒေသကြီးအနေနဲ့ တရားမဝင်ကုန်သွယ်မှုများနှင့် ပတ်သက်၍ သစ်ထုတ်လုပ် ရေးကဏ္ဍများနှင့် စက်သုံးဆီများ လိုင်စင်မဲ့သယ်ယူရောင်းချခြင်းများရှိနေတဲ့အတွက် တရားဝင်လိုင်စင်ကိစ္စများ ဆောင်ရွက်ပြီးမှသာ သယ်ဆောင်ရောင်းချခြင်းများ ဆောင်ရွက်သွားကြရန်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ စိစစ်ဆောင်ရွက်ခြင်းများ ပြုလုပ်သွားကြရေး” ပြောကြားပြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ ဖွဲ့စည်းခဲ့မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆင့်ပွားသင်တန်းတက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများအား ထောက်ပံငွေများ ပေးအပ်ခဲ့ကြ သည်။ သင်တန်းတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်တွင်း အခွန်များဦးစီးဌာန၊ ရေကြောင်းဦးစီးဌာန၊ သစ်တောဦးစီးဌာန အစရှိသော ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့တွင် ပါဝင်သည့် ဌာနဆိုင်ရာအသီးသီးမှ သင်တန်းပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ နှစ်ရက်မျှကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြင့်ဟန်