ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ စည်ပင်သာယာရေးကော်မတီအဖွဲ့မှ ပိတ်ဆို့နေသော ရေမြောင်းများ တူးဖော်ဆောင်ရွက်

ပုသိမ် ဇွန် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ သန့်ရှင်းသာယာလှပရေးအတွက်  တိုင်းဒေသကြီး စည်ပင်သာယာရေး ကော်မတီအဖွဲ့မှ ရပ်ကွက်(၁၄)ရှိ ပိတ်ဆို့နေသော ရေမြောင်းများကို ဇွန်လ (၅) ရက်နေ့မှ စတင်ကာ တူးဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

“ရေစီးရေလာကောင်းမွန်စေရေးတူးဖော် ဆောင်ရွက်ပေး” ဆိုတဲ့ဆောင်ပုဒ်နှင့် အညီ ဥမ္မာဒန္တီလမ်းမကြီး ဘေးဝဲယာမှာရှိတဲ့ ရေမြောင်းများကို စည်ပင်သာယာရေးကော်မတီအဖွဲ့နှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ဥမ္မာဒန္တီ (၁) လမ်းမှဘုရားကြီးကုန်း (၆) လမ်းအထိ စုစုပေါင်း ပေ(၂၇၀၀)ရှိပြီး လက်ရှိမှာတော့ ပေပေါင်း(၂၀၀၀) ကျော်ပြီးစီးနေပြီဖြစ်ရာ ကျန်ရှိနေသော ရေမြောင်းများ ကို ဆက်လက်တူးဖော်သွားမယ်လို့ သိရှိရတယ်။ ရေမြောင်းများမတူးဖော်ခင်က အနံ့ဆိုးများထွက်ခြင်း၊ ရေများ ညစ်ပတ်နေခြင်းများ ဖြစ်ပေါ်လျက်ရှိရာ ယခုလို တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ပိတ်ဆို့နေသော ရေမြောင်းများ ပြန်လည်တူးဖော်ဆောင်ရွက်ပေးခြင်းကြောင့် ရေစီးရေလာကောင်းမွန်ပြီးသန့်ရှင်းသာယာလျက်ရှိကြောင်း သိရသည်။

ပုသိမ်မြို့ရဲ့ အဓိကရေထွက်ပေါက်များဖြစ်သည့် ချောင်းပေါင်း(၁၂) ချောင်းရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ရေစီးရေလာကောင်းမွန်စေရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရေမြောင်းဆယ်ယူရှင်းလင်းမှု လျာထားပေ (၅၅၉၉၀) ပေရှိပြီး လုပ်ငန်းပြီးစီးမှု ပေ(၂၇၁၄၀)  ပြီးစီးပြီး လုပ်ငန်းဆောင်ရွက်ပြီးစီးမှု (၄၈)ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။ 

မြင့်ဟန်