မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးရာသီအတွက် တတိယအကြိမ် ဂရန်အင်း / အိပ်ဖွင့်တင်ဒါချက်များ လေလံရောင်းချ

မင်းလှ ဇွန် ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ငါးလုပ်းငန်းဦးစီးဌာနမှ  ၂၀၂၂-၂၀၂၃ ခုနှစ် ငါးလုပ်ငန်းရာသီအတွက် (တတိယ) အကြိမ် ဂရန်အင်း / အိပ်ဖွင့်တင်ဒါချက်များ လေလံတင်ရောင်းချခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

လေလံပွဲကို တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန  ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမင်းက ကြီးကြပ်သူအဖြစ် ဆောက်ရွက်၍ ခရိုင်ငါးလုပ်ငန်း ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဦးဖြိုးဝေလင်း၊ မြို့နယ်စီမံအုပ်ချုပ်‌ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အင်းလေလံရောင်းချရေး ကော်မတီဝင်များတို့က နတ်တလင်းမြို့နယ်အတွင်းရှိ ဂရန်အင်း (၂) အင်းနှင့် မင်းလှမြို့နယ်ရှိ တင်ဒါချက် (၁) ချက်တို့ကို လေလံတင်ရောင်းချရာအနက်မှ ဈေးပြိုင်စနစ်ဖြင့် ဂရန်အင်း (၂) အင်းကို အင်းသားကြီးများထံ ရောင်းချနိုင်ခဲ့ပြီး အင်းခွန်ငွေ ကိုးသောင်းကျပ်(၉၀၀၀၀) ကျပ်နိုင်ငံတော် အခွန်ငွေရရှိခဲ့သည်။

ကျန်ရှိ‌နေသော ဂရန်အင်း / အိပ်ဖွင့်တင်ဒါချက်များ‌ကို မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် (နောက်ဆုံးအကြိမ်) အင်းလေလံတင်ရောင်းချခြင်း ဆက်လက်ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

သန့်ဇင်စိုး(ပြန်/ဆက်)