သရက်ချောင်းမြို့နယ်အတွင်းရှိ တရားမဝင်စက်သုံးဆီအရောင်းဆိုင်များနှင့် စက်သုံးဆီသိုလှောင်ထားသည့် ဂိုဒေါင်နေရာများအား လိုက်လံစစ်ဆေးမှုဆောင်ရွက်

 

သရက်ချောင်း ဇွန် ၁၀

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကြီးကြပ်ကာ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့ပေါ်ရပ်ကွက်များတွင် ယမန်နေ့က တရားမဝင်စက်သုံးဆီအရောင်းဆိုင်များနှင့် လောင်စာဆီများ သိုလှောင်ထားသည့် ဂိုဒေါင်နေရာများအား လိုက်လံစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းအောင်ကျော်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-ဦးစီးမှူးဦးဇော်မိုး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးသက်နိုင်လွင်၊ မြို့နယ်စည်ပင်သာယာအဖွဲ့အမှုဆောင်အရာရှိဦးတင်စွမ်နှင့် ဌာနဆိုင်ရာဝန်ထမ်းများက သရက်ချောင်းမြို့နယ်အတွင်း စက်သုံးဆီရောင်းချနေသော ဆီဆိုင်များနှင့်လောင်စာဆီများသိုလှောင်ထားသည့် ဂိုဒေါင်တို့အားလိုက်လံစစ်ဆေးခဲ့ပြီး လိုအပ်သည်များနှင့် ဆီရောင်းချရာတွင် လိုက်နာရမည့်စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။

နန်းခလိုက်(သရက်ချောင်း)