ပုလော ဇွန် ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့ပေါ်ရပ်ကွက်ရှိ ဓာတ်ဆီဆိုင်များကို ပုလောမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ဇွန်လ ၉ ရက်နေ့ နေ့လယ် ၁ နာရီက ကွင်းဆင်းကြီးကြပ် စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊မြို့နယ် စည်ပင် သာယာရေးအဖွဲ့ နှင့် မြို့နယ်လျှပ်စစ်ဌာနတို့ ပူးပေါင်း၍ ဓာတ်ဆီများ ဝယ်ယူရောင်းချရာတွင် စည်းကမ်းသတ်မှတ်ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ၊ မီးသတ်ဆေးဘူးထား ရှိခြင်းရှိ/မရှိ၊ လျှပ်စစ်ပစ္စည်းတပ်ဆင်သုံးပြုထားရှိမှုနှင့် လိုင်စင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြီးကြပ်စစ်ဆေး၍ အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အေးအေးမော်(ပုလော)