ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များ ပုံမှန်ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ဆင်ပေါင်ဝဲ ဇွန် ၁၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိကို ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် စက်သုံးဆီအရောင်းဆိုင်များ ပိတ်ထားခြင်း ရှိ/မရှိ၊ စက်သုံးဆီပြတ်လပ်ခြင်းရှိ/မရှိ၊ စက်သုံးဆီ ပုံမှန်ဖွင့်လှစ်ရောင်းချမှုရှိ/မရှိနှင့် လုံခြုံရေးအခြေအနေတို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာ​ရေးအဖွဲ့တို့ဖြင့် ပူးပေါင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နိုင်လင်း (ပြန်/ဆက်)