အိမ်မဲမြို့နယ်တွင် စာဖတ်ဝိုင်းကျင်းပ

အိမ်မဲ ဇွန် ၁၀

ဧရာဝတီတိုင်းဒေသကြီးမြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre)တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးအဖွဲ့ Women Club အဖွဲ့၊ စာဖတ်ပရိသတ်တို့ ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု   ကာကွယ်ရေး ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။        

ရှေးဦးစွာ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ပြည်သူများစာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေ ရေး၊ အသိညာဗဟုသုတများ မျှဝေနိုင်ရေးနှင့် စာပေချစ်မြတ်နိုးသူများ ချစ်ခင်ရင်းနှီးမှုရရှိစေရေး ရည်ရွယ်၍ စာဖတ်ဝိုင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ၂၀၁၉ ခုနှစ် မတ်လထုတ်သုတပဒေသာ စာအုပ်မှ ကိုဇော်ဌေး(ယဉ်ကျေးမှု)ရေးသားသည် အမျိုးသမီးများ အပေါ်အကြမ်းဖက်မှု ကာကွယ်ရေး ခေါင်းစဉ်ပါ ဆောင်းပါးမှ အမျိုးသမီး အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများ၊ အကြမ်းဖက်မှု အမျိုးအစားများ၊ အကြမ်းဖက်မှု ဖြစ်ပွားရသည့် အဓိကအကြောင်းအရာများ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ဆိုင်ဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်ခံရမှုကို ရဲဝံ့စွာ ထုတ်ဖော်တိုင်တန်းဖို့ လိုအပ်ကြောင်း၊ အကြမ်းဖက်မှုများ အမျိုးသမီးများသို့ မရောက်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြဖို့လိုကြောင်း ဖတ်ရှုဆွေးနွေးခဲ့ ရာ၊ Women Club အဖွဲ့ဝင်များ၊ စာဖတ်ပရိသတ်များက ဆောင်းပါးပါ အကြောင်းအရာများ ဖတ်ရှုပြီး ပါဝင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဌေးဌေးလှိုင်