တနင်္သာရီ ဇွန် ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စုမှတောင် သူ(၃၉)ဦးနှင့်သကျက်ကျေးရွာအုပ်စုအတွင်းမှ တောင်သူ(၈၈)ဦး ပေါင်း(၁၂၇)ဦးအား မြိတ်ခရိုင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊မန်နေဂျာနှင့်ဝန်ထမ်းများက ယမန် နေ့က မြိတ်မြို့-ကန် ခေါင်းရပ်ကွက်၊ အရှေ့ကျောင်းဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအတွင်း "တောင်သူများ လယ်ယာလုပ်ငန်းခွင်ဝင်တဲ့အခါ ငွေရေးကြေးရေး အခက်အခဲမဖြစ်ဘဲ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်စေဖို့"ရည်ရွယ်၍ စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးကြောင်း သိရသည်။
ယင်း သို့ထုတ်ချေးပေးရာတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးမှဒုတိယကြီးကြပ်ရေးမှူး ဒေါ်သဉ္ဇာကျော်က စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရခြင်း၏ ရည်ရွယ်ချက်နှင့်စည်း ကမ်းသတ်မှတ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် တနင်္သာရီမြို့နယ်၊ဘန်းလမွတ်ကျေး
ရွာအုပ်စုအတွင်းမှ တောင်သူ(၃၉)ဦး၏ မိုးစပါး ဧက(၂၁၆)ဧကအတွက် (၃၂၄)သိန်းကျပ်နှင့်သကျက်ကျေးရွာအုပ်စုမှတောင်သူ (၈၈)ဦး၏ မိုးစပါးဧက(၆၁၁)ဧကအတွက်(၉၁၆.၅၀)သိန်း စုစုပေါင်းမိုးစပါးဧက(၈၂၇)ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေပေါင်း (၁၂၄၀.၅၀)သိန်း ကျပ်အား တောင်သူတစ်ဦးချင်း၏ လယ်ယာမြေပိုင်ဆိုင်မှု ပုံစံ(၇)အရ လယ်မြေတစ်ဧက လျှင် (၁၅၀၀၀၀)ကျပ်နှုန်းဖြင့် (၁၀)ဧကအထိ၊ ငွေ(၁၀၀)ကျပ်တွင် တစ်နှစ်လျှင်(၅)ကျပ်နှုန်း အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)