စုကလိမြို့၌ ဖော်ဆောင်ကြမည် ငြိမ်းချမ်းရေးဆီ ခေါင်းစဉ်ဖြင့်နံရံကပ်ပြဘုတ် ပြသဆောင်ရွက်

စုကလိ ဇွန် ၁၀

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန စုကလိမြို့ရုံးအနေဖြင့်အများပြည်သူများ အသိပညာပေးလုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်၏အကြီးအကဲများ ငြိမ်းချမ်းရေး ပန်းတိုင်ဆီလျှောက်လှမ်းကြရာတွင် တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ဖိတ်ခေါ်၍ တည်ငြိမ်အေးချမ်းအောင်ဆောင်ရွက်ကြပုံများအား ယနေ့နံနက်ပိုင်းအချိန်မှစ၍ စုကလိမြို့ ပြည်သူ့စာကြည့်တိုက်နံရံကပ် ဘုတ်တွင်ပြသဆောင်ရွက်ပေးသည်။

အဆိုပါနံရံကပ်စာစောင်တွင် ၂၀၁၁မှ ၂၀၂၀ပြည့်နှစ် အတွင်းတိုင်းရင်းသားအဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးအတွက်ဆွေးနွေးကြသည့်မှတ်တမ်းများ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့က ကြေငြာချက်(၁/၂၀၁၁) ပါကြေငြာချက်များနှင့် ပြည်ထောင်စု သဘောတူစာချုပ်ပါ အချက်များအား ပြည့်စုံစွာဝေဝေဆာဆာ ပြသဆောင်ရွက်ထားရှိသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနစုကလိမြို့ရုံးအနေဖြင့် နံရံကပ်စာစောင်ပြသ ခြင်းလုပ်ငန်းများအား တစ်လလျှင် နှစ်ကြိမ်ခန့်ပြသဆောင်ရွက်ပေးနေကြောင်း သိရသည်။

ပိုပိုအောင်