လောင်းလုံးမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ

လောင်းလုံး  ဇွန် ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးအန္တရာယ်တာဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကျင်းပသည်။

ရှေးဦးစွာ လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဒေါ်သိန်းသိန်းက Talk Show ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးအောင်ကျော်ဦးက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးစွဲလန်းမှုဖြစ်ပေါ်ရသည့်အကြောင်းအရာများ၊ မူးယစ်ဆေးဝါး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဘိန်းဖြူးဆေးထိုးမှုကြောင့် ဖြစ်စေတတ်သောရောဂါများ၊ မြန်မာနိုင်ငံတွင်မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ဆောင်ရန်၊ရှောင်ရန်များနှင့်ပတ်သက်၍ ဆွေးနွေးပေးခဲ့သည်။

ထို့နောက် လောင်းလုံးမြို့မရဲ့စခန်းမှ ဒုရဲမှူး သော်ဇင်ဦးက မူးယစ်ဆေးဝါးသုံးစွဲမှုလျော့နည်းစေရန်ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ ပြန်လည်ထူထောင်းရေးလုပ်ငန်းစဥ်နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေး ဝါးအလွှဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ်အကြို ယစ်ဆေးဝါးအန္တရာယ်တာဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို Online အသိပညာပေး Facebook Page တွက် ထုတ်လွှင့်ပေးလျက်ရှိပြီး အများပြည်သူဗဟုသတရရှိစေသော အစီအစဉ်များကို ဆက်လက်တင်ဆက်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

သိန်းသိန်း(လောင်းလုံး)