မူလတန်းဆရာဖြစ် လုပ်ငန်းခွင်အကြို ရက်တိုသင်တန်း သင်ကြားနေမှုအား တာဝန်ရှိသူများ တွေ့ဆုံအားပေး

လေးမျက်နှာ ဇွန် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် တာဝန်ရှိသူ များသည် ယမန်နေ့ ညနေပိုင်းက လေးမျက်နှာမြို့နယ် မြို့နယ်ပညာရေးမှူးရုံး ပညာရတနာခန်းမ တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူလတန်းဆရာဖြစ် လုပ်ငန်းခွင်အကြို ရက်တိုသင်တန်း သင်ကြားနေမှုအား ကြည့်ရူအားပေးခဲ့ကြသည်။

ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လမ်းညွှန်မှာကြားရာတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူလတန်း ဆရာဖြစ် လုပ်ငန်းခွင်အကြို ရက်တိုသင်တန်း တက်ရောက်နေသည့် မူလတန်းအဆင့် ပညာရေး သည် အရေးကြီးကြောင်း၊ ကလေးငယ်များကို လိမ္မာယဉ်ကျေးသော ကလေးငယ်များ၊ အမှားအမှန် ကို ဝေဖန်ပိုင်းခြားတတ်သော ကလေးငယ်များဖြစ်အောင် ကြိုးစားသင်ကြားပေးစေလိုကြောင်း၊ မကြာခင်အချိန်အတွင်း နိုင်ငံ့ဝန်ထမ်းများ ဖြစ်လာတော့မည်ဖြစ်သဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် အညီ ပြုမူနေထိုင်လိုက်နာပြီး ကလေးငယ်များအား နိုင်ငံတော်ကို ချစ်မြတ်နိုး တတ်အောင် သင်ကြားပြသပေးစေလိုကြောင်း၊ ဆရာ/မများအနေဖြင့် ဘေးကင်းလုံခြုံပြီး စိတ်အေး ချမ်းသာစွာ စာပေသင်ကြားပေးနိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေးကိုလည်း ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ဆရာ/မများ၊ ကျောင်းသား/သူများ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန်နှင့် သွေးလွန် တုပ်ကွေးရောဂါ မဖြစ်ပွားစေရေး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

လေးမျက်နှာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူလတန်းဆရာဖြစ် လုပ်ငန်းခွင်အကြို ရက်တို သင်တန်း၌ ကျား(၈)ဦး၊ မ(၄၈)ဦး၊ စုစုပေါင်း(၅၆)ဦး တက်ရောက်သင်ကြားနေကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)