ငါးရစ်တက်ချိန် ငါးသားပေါက်သော မိုးရာသီတွင် ငါးဖမ်းဆီးခြင်းမပြုရန် အသိပညာပေးဟောပြော

ကျောင်းကုန်း ဇွန် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးရစ်တက်ချိန်နှင့် ငါးသားပေါက်သော မိုးရာသီတွင် ငါးဖမ်းဆီးခြင်းမပြုရန် ပညာပေးဟောပြောပွဲကို လှည်းဆိပ်အုပ်၊ လှည်းဆိပ်ကျေးရွာ ပညာအလင်းအိမ် စာကြည့်တိုက်၌ ယနေ့ နံနက် ၉ နာရီ အချိန်၌ ကျင်းပခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်လွင်က ငါးရစ်ငါးသန်များ ဖမ်းဆီးမှုမရှိစေရေး၊ ဘက်ထရီရှော့တိုက် ငါးမဖမ်းဆီးရေး၊ အဆိပ်ဆေးချ ငါးမဖမ်းဆီးရေးနှင့် ငါးသယံဇာတ ထိန်းသိမ်းရေးတို့ ဟောပြောပို့ချခဲ့ပြီး၊ တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းရာ ဦးစီးမှူးက ပြန်လည်၍ ရှင်းလင်းပြောကြားခဲ့သည်။

အခမ်းအနားသို့ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးဇော်လွင်နှင့် ဝန်ထမ်းများ၊ လှည်းဆိပ် အုပ်ချုပ်ရေးမှူး ဦးဌေးပိုင်ငါးလုပ်ငန်း လုပ်ကိုင်သည့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြ သည်။ အလားတူ ဂုန်မင်းအုပ်စု၊ ဂုန်မင်းကျေးရွာ၌လည်း အသိပညာပေး ဟောပြောခဲ့ကြပြီး ဟောပြောပွဲအပြီးတွင် ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)