လိပ်သို ဇွန် ၁၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊စာ အုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားလာပြီး ကိုယ်တိုင်တွေးခေါ်စဉ်းစားဆုံးဖြတ်နိုင်သော အမျှော်အမြင်များ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က လိပ်သိုမြို့ (Community Centre) ခန်းမတွင် စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားထားသော “လူငယ်နှင့်ဇွဲ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ခဲ့ကြသည်။
ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ရုပ်/သံ-၃ စောဝေါ်ကွောထူးက လူငယ်များ စာဖတ်ခြင်းမှရရှိလာသော ဗဟုသုတများကို အသုံးချတတ်စေရန် ၊စာပေချစ်မြတ်နိုးသူအချင်းချင်း အပြန်အလှန်ဆွေးနွေးသည့် အလေ့အကျင့်များရရှိစေရန်၊ စာအုပ်စာစောင်များ ဖတ်ရှုလေ့လာခြင်းဖြင့် အမှားအမှန်ကို ဝေဖန်ဆုံးဖြတ်နိုင်သော အသိများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို အစဉ်အမြဲပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် Youth Club အဖွဲ့ဝင်များက စာအုပ်တွင်ပါရှိသော အကြောင်းအရာများအား မိမိ၏ထင်မြင်ယူဆချက်များနှင့်အတူ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လိပ်သို(ပြန်ဆက်)