သာပေါင်း ဇွန် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ တရားဝင် သိုလှောင်၊ ရောင်းချနေခြင်း ရှိ/မရှိ စစ်ဆေးခြင်းများကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က ပူးပေါင်းအဖွဲ့မှ လိုက်လံ စီစစ်ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ထိုသို့ စက်သုံးဆီအရောင်းဆိုင်များ တရားဝင်သိုလှောင်၊ ရောင်းချနေခြင်း ရှိ/မရှိ စစ်ဆေးခြင်း များကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် ဝန်ထမ်းများ၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ခိုင်စိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်ကျော်သိန်းနှင့် အဖွဲ့ဝင်များ၊ မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး အဖွဲ့များ၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့တို့က စက်သုံးဆီဆိုင်များအား လိုက်လံ စစ်ဆေး စိစစ်ကြပ်မတ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်