ကမမောင်း ဇွန် ၁၀
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် (၉) နာရီအချိန်က ရပ်ကွက်များအတွင်း လှည့်လည်အသိပေးနှိုးဆော်ခဲ့သည်။
ထိုကဲ့သို့ အသိပညာပေးနှိုးဆော်ရာတွင် လတ်တလောအချိန်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းလဲမှုအပေါ် ပြည်သူများ အလေးထားလိုက်နာ နေထိုင်ကြရန် အသိပေးခြင်းများ လှည်လည်နှိုးဆော်ပေးလျက်ရှိရာ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ဦးတည်အုပ်စုများအလိုက် အကြိမ်အရေတွက် အပြည့်အဝထိုးနှံခြင်းဖြင့် ကိုဗစ်-၁၉ ဖြစ်ပွားမှုကို လျော့နည်းကျဆင်းစေရန်နှင့် ထိန်းချုပ် ကာကွယ်နိုင်ရန်၊ လူစုလူဝေးနေရာများသို့ သွားလာခြင်းမှ ရှောင်ကြဉ်ကြရန်၊ နေအိမ်ပြင်ပထွက်ခွာတိုင်း နှာခေါင်းစည်း Mask ကို စနစ်တကျ မဖြစ်မနေတပ်ဆင်ရန်၊ အပြင်မှပြန်လာတိုင်း လက်ကိုဆပ်ပြာဖြင့် စနစ်တကျဆေးရန်၊ အသက်အရွယ်ကြီးသူများ၊ နာတာရှည်ရောဂါ အခံရှိသူများအား အထူးဂရုစိုက်၍ ကာကွယ်ဆေးထိုးနှံထားကြရန် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ပြည်သူများမှ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
တင်တင်လှ (ပြန်/ဆက်)