ရေတာရှည် ဇွန် ၁၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၁၀) နာရီအချိန်က ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မီးသတ်ဦးစီးအရာရှိ ဦးကောင်းထက်နိုင်မှ မီးသတ်တပ်ဖွဲ့၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် ရေတာရှည်မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် တူညီဝတ်စုံများကို တာဝန်ရှိသူများက ပေးအပ်ခဲ့ရာရေတာရှည်မြို့ရှိ အရန်မီးသတ်တပ်ဖွဲ့အတွက် တူညီဝတ်စုံ (၂၀) စုံကိုလည်းကောင်း၊ ဆွာမြို့၊ မြို့လှမြို့၊ ရေနီမြို့နှင့် သာဂရကျေးရွာအုပ်စုတို့မှ အရန်မီးသတ် တပ်ဖွဲ့ဝင်များအတွက် တူညီဝတ်စုံ (၁၅) စုံစီကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ရေတာရှည်(ပြန်/ဆက်)