ခမောက်ကြီးမြို့တွင်  အိုမီခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းများအား အများပြည်သူသိရှိနိုင်ရေး အသိပညာပေး

ခမောက်ကြီး ဇွန်၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ခမောက်ကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ခမောက်ကြီးမြို့ ဗိုလ်ချုပ်လမ်းမကြီးနှင့်ရပ်ကွက် လမ်းကြားများတွင် ကိုဗစ်၁၉-ရောဂါကာကွယ်ရေးနည်းလမ်းများနှင့် လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများအား အများပြည်သူသိရှိလိုက်နာနိုင်ရန် အသံချဲ့စက်ဖြင့် ယနေ့နံနက်ပိုင်းက လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။    

ထိုသို့အသိပေးနှိုးဆော်ရာ၌ ကိုဗစ်-၁၉ ရောဂါသည်မျိုးရိုးဗီဇပြောင်းရောဂါအသွင်ဖြင့် ကူးစက်နေပြီ ဖြစ်သောကြောင့် ကိုဗစ်ကာကွယ်ရေးနည်းလမ်းများအား အများပြည်သူများ သိရှိလိုက်နာနိုင်ရန်အလို့ငှာ အသိပညာပေးဆော်ဩခဲ့ကြသည်။

အဆိုပါ အသိပေးနှိုးဆော်ချက်များတွင် နေအိမ်ပြင်ပသို့ မဖြစ်မနေထွက်ခွာပါက (Mask) နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ရန်၊ သက်ကြီးရွယ်အိုနှင့် နာတာရှည်ရောဂါ ဝေဒနာသည်များရှိရာ နေအိမ်များသို့ ဝင်ထွက်သွားလာခြင်းဂရုပြုရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်၊ လက်ကိုစက္ကန့် (၂၀) ကြာ မကြာခဏစနစ်တကျဆေးကြောရန်၊ နှာခေါင်းစည်း (Mask) မတပ်ဆင်ထားသော ဈေးရောင်းသူများထံမှဈေးမဝယ်ကြပါရန်နှင့် မိသားစုအတွင်း ဖျားနာသူများရှိပါက အိမ်တွင်နေထိုင်စေပြီး ကိုဗစ်-၁၉ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်မှူးမှ တစ်ဆင့် ကျန်းမာရေးဌာနသို့ ဆက်သွယ်ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသော်လည်း ကာကွယ်ရေးလုပ်ငန်းများကို ဆက်လက်လိုက်နာကြရန် အထက်ပါကြေငြာချက်များကို အများပြည်သူမှ တစ်ဦးတစ်ယောက်ချင်းစီ လိုက်နာဆောင်ရွက်ခြင်းဖြင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက် သွားကြရန် တိုက်တွန်းခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးနည်းလမ်းများကို လိုက်နာကြရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေအရအရေးယူခြင်းခံရမည်ဖြစ်ကြောင်းကို အများပြည်သူ သိရှိလိုက်နာနိုင်ရန် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ရူပါမြင့်(ခမောက်ကြီး)