ပိုင်ကျုံမြို့ အ.ထ.က‌ နောင်ဘိုကြီးကျောင်း၌ အသက်(၅)နှစ်နှင့်အထက် ကျောင်းသား/ သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထပအကြိမ်ကွင်းဆင်းထိုးနှံပေး

ပိုင်ကျုံ  ဇွန် ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် (၅) နှစ်နှင့်အထက်  ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုမှကင်းဝေးစေရန်နှင့် စိတ်‌‌အေးချမ်းသာစွာပညာသင်ကြားနိုင်‌စေရန်ရည်ရွယ် ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့က ပိုင်ကျုံမြို့၊ ‌ နောင်ဘိုကြီးအ.ထ.ကကျောင်းတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ကွင်းဆင်း ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ပိုင်ကျုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ အသက်(၅)နှစ်နှင့်အထက်ကျောင်း သားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို ဇွန်လ ၂ ရက်နေ့မှစတင်ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ပိုင်ကျုံ အ.ထ.ကကျောင်းတွင် (၁၃၀)ဦး၊ အ.လ.က ကစိုကျောင်းတွင်(၆၃၅)ဦး အ.ထ.က(ခွဲ)အထက်ပိုင်ကျုံတွင်(၉၄၉)ဦး စုစုပေါင်း (၁၇၁၄)ဦးရှိပြီး ဇွန်လ ၁၀ ရက်နေ့တွင် နောင်ဘိုကြီး အ.ထ.က‌ကျောင်းတွင် ဆက်လက် ကွင်းဆင်းထိုးနှံပေးသွာမည်ဖြစ်ကြောင်း ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

‌အဆိုပါဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်ကြီးကြပ်မှုဖြင့် ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးသက်နိုင်စိုးနှင့် ကျန်းမာရေးဝန်ထမ်းများ ကာကွယ်ဆေးလာရောက်ထိုးနှံသည့်ကျောင်းသား/သူများအား ‌ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများမှ ဆရာ၊ ဆရာမများနှင့် အုပ်ချုပ်ရေးမှူးများ၊  စေတနာ့ဝန်ထမ်းများတို့ ပူးပေါင်း၍ ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ကျောင်းသား ကျောင်းသူများအား အဆင်ပြေလွယ်ကူစွာ ဆေးထိုးနှံနိုင်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာ‌ပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာ‌ပေးခြင်းလုပ်ငန်းများအား  ဝိုင်းဝန်းကူညီဆောင်ရွက်ကြကြောင်း သိရသည်။

 နော်ခူး(ပြန်/ဆက်)