ရွှေဘို ဇွန် ၉
ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းကာ မိဘအသိပညာပေး Talk Show ကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲ Talk Show တွင် ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခိုင်ဇင်က မိဘအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များက ပြောကြားခဲ့ပြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ရွှေဘိုမူလတန်းကြို ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ခိုင်ထွေးက ကလေးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်ဝန်ဆောင်မိခင်ဘဝကတည်းက၊ အစားအသောက်၊ အနေအထိုင်ဆောင်ရန်ရှောင်ရန်များ ပြုလုပ်သွားရမည်ဖြစ်ကြောင်း၊ ကလေးဖွံ့ဖြိုးတိုးတက်မှု(၃)ခုရှိရာ၊ အသက်ရှင်နေထိုင်မှု၊ ကြီးထွားမှု၊ ဖွံ့ဖြိုးတိုးတက်မှုအပိုင်းများ၊ မူကြိုအရွယ်ဖွံ့ဖြိုးတိုးတက်မှု (၅)ရပ်ရှိရာမှာ ကာယ၊ ဉာဏ၊ စာရိတ္တ၊ ပေါင်းသင်းဆက်ဆံမှု၊ ပတ်ဝန်းကျင်ဆိုင်ရာ ပေါင်းသင်းဆက်ဆံရေးများအကြောင်း အကျယ်တဝင့် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်